Angel Floral Floral Service Brand
ပန်းပေးတယ်ဆိုတာ လှပတဲ့ပန်းတစ်စည်းကို ပေးလိုက်တာသက်သက် မဟုတ်ပါဘူး။ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ချစ်ခြင်း၊ ကျေးဇူးတင်ခြင်း၊ တောင်းပန်ခြင်း၊ သတိရခြင်းလို ပြောချင်တဲ့ခံစားချက်တွေကို အဓိပ္ပာယ်ရှိရှိ ဖော်ပြပေးတာလို့ Angel Floral က ယုံကြည်ပါတယ်။
ဒါကြောင့် ပန်းတစ်စည်း ဖန်တီးတဲ့အခါ လှပဖို့တစ်ခုတည်းကို မကြည့်ဘဲ ဘယ်သူ့အတွက်လဲ၊ ဘာကြောင့်ပေးချင်တာလဲ၊ ဘာကိုခံစားစေချင်တာလဲ ဆိုတဲ့ Story ကို အရင်နားထောင်ပါတယ်။ ပြီးမှ အဲ့ဒီခံစားချက်နဲ့ လိုက်ဖက်တဲ့ Real Flowers တွေကို ရွေးချယ်ပြီး Professional Floral Craftsmanship နဲ့ တစ်စည်းချင်းစီ ဂရုတစိုက် ဖန်တီးပေးပါတယ်။
Angel Floral အတွက် ပန်းရောင်းပြီး Order တစ်ခုပြီးသွားတာထက် ပေးတဲ့သူရဲ့ခံစားချက်ကို လေးစားပေးနိုင်ဖို့၊ လက်ခံရရှိသူအတွက် မှတ်မိနေမယ့် Moment တစ်ခု ဖြစ်လာဖို့နဲ့ Customer တစ်ယောက်ချင်းစီရဲ့ Story နဲ့ Privacy ကို နားလည်ဂရုစိုက်ပေးနိုင်ဖို့က ပိုအရေးကြီးပါတယ်။
ပန်းတစ်စည်းပေးဖို့သက်သက် မဟုတ်ဘူး။
ကိုယ်တကယ်ပြောချင်တဲ့ ခံစားချက်ကို ရောက်အောင်ပြောဖို့။









