Implementation & Brand Review Support
Brand Guideline ကို အသုံးချနေချိန်မှာ Artwork က စည်းမျဉ်းနဲ့ကိုက်ညီရဲ့လား၊ Vendor ကို ဘယ်လိုရှင်းပြရမလဲ၊ Team ရဲ့မေးခွန်းတွေကို ဘယ်လိုညှိနှိုင်းရမလဲဆိုတဲ့ လိုအပ်ချက်တွေ ရှိလာနိုင်ပါတယ်။ ဒီ Support ကို လက်ရှိ Brand System အတိုင်း အသုံးချမှုကို စစ်ဆေး၊ အကြံပြု၊ ချိတ်ဆက်ပေးဖို့ ရွေးချယ်နိုင်ပါတယ်။
တစ်လ စုစုပေါင်း ၁၀ နာရီအတွင်း ပါဝင်မှု
- Meeting ၆၀ မိနစ် ၁ ကြိမ်၊ Artwork Review ၈ units အထိ၊ Vendor Call ၂ ကြိမ်၊ တစ်ကြိမ် မိနစ် ၃၀၊ Team Q&A နဲ့ Consistency Report ၁ ခု။ Vendor ၂ ဦးအထိ၊ အနည်းဆုံး ၂ လ ရွေးချယ်ရပါတယ်။
Review unit ၁ ခုဆိုတာ Artwork ၁ ခုကို ၁ ကြိမ် စစ်ဆေးခြင်းပါ။ Meeting၊ Preparation၊ Review နဲ့ Q&A အားလုံးကို Support Hours ထဲမှာ တွက်ချက်ပြီး မသုံးဖြစ်တဲ့နာရီတွေကို နောက်လသို့ သယ်ယူမထားပါ။
အလုပ်ရက် ၂ ရက်အတွင်း ပထမတုံ့ပြန်မှု ပေးပြီး ပြီးစီးမယ့်ရက်ကို Task အလိုက် သတ်မှတ်ပါတယ်။ ဒီဇိုင်းအသစ် ဖန်တီးခြင်း မပါဝင်ပါ။
Team အလိုက် ရွေးချယ်နိုင်သော Training
လမ်းညွှန်တွေ ရှိပြီးနောက် Team က ကိုယ်တိုင်နားလည်အသုံးချနိုင်ဖို့ လေ့ကျင့်ရန်လိုလာရင် တာဝန်အလိုက် Training ကို ရွေးချယ်နိုင်ပါတယ်။ ဆုံးဖြတ်သူ၊ ဖန်တီးသူနဲ့ Customer ကို တိုက်ရိုက်ဆက်ဆံသူတို့အတွက် လက်တွေ့သုံးရမယ့်အကြောင်းအရာတွေ ကွဲပြားပါတယ်။
Session တစ်ခုစီမှာ Standard Digital Materials၊ Preparation နဲ့ ၁၄ ရက်အတွင်း Follow-up မိနစ် ၃၀ ပါဝင်ပါတယ်။ Guideline Handover က ဖိုင်အသုံးပြုပုံရှင်းပြခြင်းဖြစ်ပြီး ဒီလိုလေ့ကျင့်ခန်းပါတဲ့ Training နဲ့ သီးခြားဖြစ်ပါတယ်