Brand Diagnosis & Brand Strategy - New / Rebrand

Design မစခင် Brand ရဲ့ ဦးတည်ချက်ကို ရှင်းလင်းပါ။ 

Brand အသစ်စတင်ချိန်မှာ အကြံအစည်တွေများပြီး ဘယ်အရာကို အဓိကထားရမလဲ မသေချာဖြစ်နိုင်ပါတယ်။ ရှိပြီးသား Brand တစ်ခုမှာလည်း လုပ်ငန်းက ပြောင်းလဲလာပေမယ့် မူလရပ်တည်ချက်နဲ့ ပြောဆိုပုံက လက်ရှိအခြေအနေကို မဖော်ပြနိုင်တော့တာမျိုး ရှိနိုင်ပါတယ်။ Brand Strategy က ကိုယ့် Audience၊ Positioning နဲ့ ပေးမယ့်တန်ဖိုးကို ရှင်းလင်းပြီး ဆက်လက်ဆုံးဖြတ်ရမယ့်အရာတွေကို အခြေခံတစ်ခုတည်းပေါ် စုစည်းပေးပါတယ်။ ဒီအခြေခံကို အသုံးပြုပြီး Design နဲ့ Communication ဆက်လုပ်ချိန်မှာ ဘာကိုရွေးမလဲ၊ ဘာကြောင့်ရွေးမလဲဆိုတာ ပိုရှင်းလာမှာပါ။